Sunday 5 June 2011

စိတ်တေလေ



ဟောဟိုက…
ကြိုးပြတ်သွားတဲ့ စွန်ငယ်မှာ
ငါ့ စိတ်တွေ ပါသွားတယ်။

အထပ်ထပ်…
လျှော်ဖွတ်ဖန်များလို့
စိတ်အသားဟာ တဖြည်းဖြည်း ပါးလျ။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
ဒီအင်္ကျီသုံးထပ်နဲ့
ရာသီတိုင်း ကျဉ်းကျပ်နေခဲ့။

မလူးသာ မလွန့်သာ။

မထူးဇာတ်ခင်း
ဥပါဒါန် ဥခွံကျဉ်းထဲ
ဒီသက်ပြင်းတွေပဲ “သာ” နေတော့။ ။

အိပ်မက်ရှင်
2311 pm
22/5/2011

No comments:

Post a Comment