Saturday 2 July 2011

သစ္စာခံ


ညဉ့်အမှောင် ရုပ်လုံးအကြွမှာ
တံခါးခေါက်သံ ခပ်ဆဆကို ကြားတယ်။

တံခါးအဖွင့်ပါ...
ပြေးဝင်ထွေးပိုက်လို့ တိုးလျလျ ငို။
ကြိုတင် ပြောလှည့်ပါတော့လား
မထင်မှတ်ထားတော့လေ။

ဦးပေါင်းထုပ်ကို ဖြည်ချ
လဲပြိုကျနေတဲ့ ဆံနွယ်တွေ။

အို...
ခွဲခွာခြင်းဟာ
အမြဲလို ဦးဆွေးဆံမြည့်။ ။

အိပ်မက်ရှင်
733 am
3 July 2011

Photo credit to www.unseenlondon.blogspot.com

No comments:

Post a Comment