ဝါဆိုင်ဂွမ်းလေး၏ ပေါ့ပါးမှုတွင်
သူ့ ဝိညာဉ် ရှိနေပါစေ…
ဝင်သက်နှင့် ထွက်သက်အကြားက ကွာဟမှုကို
ထုပ်ပိုး သဲ့ယူလှည့်ပါတော့
မာနများကို မင်နီတား ထားသူသာ သေဆုံးသင့်ပါ၏။
အကြိမ်ကြိမ်၊ အဖန်ဖန်ရွာသွန်းခြင်းသည်ပင်
အဆက်မပြတ် စီးဆင်းခြင်း၏ တရားခံ ဖြစ်သည်…
သို့တည်းမဟုတ်…
"အဖြေမရှိခြင်း" ကျားသေကို မန္တန်စုတ်ကာ ငါ အသက်သွင်းခဲ့သည်။
ကြယ်ကြွေပါ၏။
သင့်ဆုတောင်း၌
မျှော်လင့်ရာကမ်းပါးတွင် တိုက်စားသယ်ဆောင်ခြင်းခံရသူ သစ်ပင်သည်
ငါသာလျှင် ဖြစ်ပါစေတော့။ ။
အိပ်မက်ရှင်
3:20 am
17/4/2011

No comments:
Post a Comment