Sunday 5 June 2011

ဆန့်ကျင်ဖက် အနှစ်သာရ



အဖြူနဲ့ အမည်း
အထဲနဲ့ အပြင်။

အမှန်နဲ့ အမှား
အပါးနဲ့ အထူ။

အပူနဲ့ အအေး
အပေးနဲ့ အယူ။

ငအူနဲ့ ငသွက်
ငထက်နဲ့ ငတုံး။

အမုန်းနဲ့ အချစ်
အသစ်နဲ့ အဟောင်း။

အကောင်းနဲ့ အဆိုး
အရိုးနဲ့ အဆန်း။

အကန်းနဲ့ အမြင်
အထင်နဲ့ အဟုတ်။

အရှုပ်နဲ့ အရှင်း
အလင်းနဲ့ အမှောင်။

အထောင်နဲ့ အလဲ
အခဲနဲ့ အရည်။

အစွေနဲ့ အတည့်
အမှည့်နဲ့ အစိမ်း။

အသိမ်းနဲ့ အဖြည်
အပြေနဲ့ အစု။

အခုနဲ့ နောက်
အကြောက်နဲ့ အရဲ။

အစဲနဲ့ အသည်း
အရွှဲနဲ့ အခြောက်။

အသောက်နဲ့ အစား
ကဲဟေ့...
ခေတ်ဟောင်းနဲ့ ခေတ်သစ်ကြားမှာ
မတရားလည်း တရား
တရားလည်း တရား။ ။


အိပ်မက်ရှင်
1153 pm
19/5/2011

No comments:

Post a Comment