Sunday 5 June 2011

အတ္တအခန်းငယ်



အဲဒီ့ သမုဒယအခန်းထောင့်မှာ
ခွက်ထိုးခွက်လန် သိမ်မွေ့ခြင်းတွေနဲ့
ငါ ထိုင်တယ်။

လောကနိယာမတွေရဲ့
ဖုံးခေါ်သံက
ငါ့ နားထဲ ဆူညံပွက်ထ။

ထိုင်နေ...
ဆက် ထိုင်နေ...
အထီးကျန် အိပ်မက်ဆိုးတွေ
လာပွေ့မထူခင် အထိ။ ။

အိပ်မက်ရှင်
1226 am
27/5/2011

No comments:

Post a Comment