Sunday 5 June 2011

ရင်ထဲက ကဗျာဆရာ


ဆိုကြပါစို့
မြောက်အရပ်သာ ကဗျာဖြစ်ခဲ့ရင်
သူဟာ သံလိုက်အိမ်မြှောင်။

ဆိုကြပါစို့
ပင်လယ်သာ ကဗျာဖြစ်ခဲ့ရင်
သူဟာ အနားသတ် ကမ်းစပ်။

ဆိုကြပါစို့
ပန်းပွင့်တွေသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ ဥယျာဉ် မှူး။

ဆိုကြပါစို့
သစ်ပင်တွေသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ ရေသောက်မြစ်။

ဆိုကြပါစို့
နှလုံးသားသာ ကဗျာဖြစ်ခဲ့ရင်
သူဟာ နှလုံးသွေး။

ဆိုကြပါစို့လေ
အရာရာဟာ ကဗျာဖြစ်ခဲ့ရင်
သူဟာ…
ဒီရင်ထဲက ကဗျာဆရာပါပဲ။ ။

အိပ်မက်ရှင်
11:49
12/5/2011

No comments:

Post a Comment